hover animation preload

Thursday, 29 November 2012

မြေပြင်ကြီးရဲ့ နိဝါတနင့်စာဂ


Sep 9, '12 11:14 AM
for everyone
ဘယ်လိုနင်းနင်း

မနင်းပါနဲ့လို့


သူမငြင်းဘူး


လုပ်ချင်တာလုပ်


သူမဆုတ်ဘူး


သူဆိုတဲ့


ငြိမ်ပြီးသာနေတဲ့


မြေပြင်ကြီးရယ်


အပြစ်မတင်တဲ့အပြင်


ချစ်ခင်စွာနှင့်


သက်ရှိတွေအရေး


ဖြေရှင်းပေးသေးတယ်


နင့်ရဲ့နိဝါတတရား


နင့်ရဲ့စာဂတရားကို


အလေးမထား


မလေးစားပဲ


မည်သို့နေနိုင်အံ့။


အပြည့်အဝ


တုမရရင်တောင်


တစိတ်တဒေသတော့


တုပါရစေမြေပြင်ကြီးရေ။

No comments:

Post a Comment