hover animation preload

Thursday, 29 November 2012

အစိုးမရနိုင်ပါ


Sep 10, '12 11:34 AM
for everyone
ဝင်းပပနေခြည်အောက်မှာ

ဆီးကြိုနေတဲ့အရိပ်ကိုမမြင်ရခင်


အေးမြမြရေကြည်တစ်ပေါက်လောက်


ပေးမျှလှည့်ပါလောကကြီးရယ်


နေရောင်အောက်မှာနေမှတော့


နေပူဒဏ်ကိုမကြောက်တော့ပါဘူး


ဒါပေမယ့်


စနစ်တွေဟောင်းခေတ်တွေပြောင်းတော့


ထီးလေးတစ်ခြောင်းလောက်တော့လိုချင်မိတယ်


အစိုးမရနိုင်တဲ့ကံတရားကို


လက်ညိုးမထိုးပြလိုပါ


ကံတရားကပဲငါ့ကိုအစိုးရနေတယ်


ကံတရားစေရာသွားရုံပဲပေါ့

No comments:

Post a Comment