လုံမပျိုငယ် ဒီရင်ဝယ် မြစ်တွယ်ခိုင်မြဲတယ်
ပန်းတစ်ပွင့်မှာ
ရနံ့ ဟာ
ရေးပါလှတယ်ကွယ်
လှပဆင်းရောင်
တထောင်ထောင်
ဒီမောင်မလိုတယ်
ရနံ့ သင်းထုံ
ပန်းပေါင်းစုံ
မခုံမင်ဘူးကွယ်
တပွင့်တည်းသာ
ဒီရင်မှာ
တွယ်တာမက်မောတယ်
ယုံပါယုံပါ
မဆိုသာ
ရင်မှာဝင်ကြည့်ကွယ်
လုံမပျိုငယ်
ဒီရင်ဝယ်
မြစ်တွယ်ခိုင်မြဲတယ်။
ရွှေပန်းချီ..ပါရှင့်
ReplyDeleteဂဂ ရေ အားပေးခဲ့ပါတယ်နော်
လုံမပျိုလေး...အမြဲမြစ်တွယ်ထားနိုင်ပါစေ