hover animation preload

Thursday, 29 November 2012

နောင်တနင့်သံဝေဂ


Sep 9, '12 10:36 AM
for everyone
ရင့်ရော်အိုမင်း
ဇရာထောင်းခြင်းက
သေဆုံးခြင်းနှင့်
ပြီးဆုံးခြင်းကို
စိုက်ပျိုးခဲ့လေပြီ။
နုပျိုငယ်ရွယ်ခြင်းက
လက်ပြနုတ်ဆက်
အတိတ်မှာနေရစ်ခဲ့လေပြီ
ထိုနုပျိုချိန်ဝယ်
လူများတို့ အရေး
မျော်မတွေးပဲ
ပေါ့ပေါ့တွေး
ပေါ့ပေါ့ရေး
ပေါ့ပေါ့စား
ပေါ့ပေါ့သွားကာ
အချိန်များကို
အကြိမ်များစွာ
ဖြုန်းတီးသွားခဲ့သည်
ငါသည်အကြွေးချန်ကာ
ခရီးဆန်နေသူပါလားလို့ တွေး၍
နောင်တများက
တစ်ဘက်မှငါ့အား
ခံစားစေသလို
တစ်ဘက်မှငါ့အား
ရှေ့ ဆက်ရမယ့်
ခရီးများအတွက်
စီမံခန့် ခွဲဇယားဆွဲပေးသဖြင့်
အသဲနာမူများမှ
ဝမ်းသာစရာတစ်ခုပင်တည်း။

No comments:

Post a Comment