for everyone |
ဘဝဇာတ်ခုံမှာ
အမျိုးမျိုးကခုန်ရင်း
တစ်ရက်တစ်ရက်နဲ့
အသက်သာကြီးလာ
ခုထိငါဟာ
သောင်ပြင်ကသဲတစ်ပွင့်လို
အမည်လည်းမသိ
စာရင်းလည်းမရှိဖြစ်နေတုန်း။
အရေးတော်တော်များများကို
အတွေးတော်တော်များနဲ့
အကြွေးထားခဲ့မိတယ်ကွယ်
ပြန်ပေး၊ပြန်ရွေးလို့လည်းမရ။
ဘဝဇာတ်ခုံမှာ
ခဏသာကခုန်ရပေမယ့်
ချော်လှဲခဲ့ရတာလည်းမနည်း။
အဆင်ချောအဖုံဖုံနဲ့
ကခုန်ချင်ပေမယ့်
သတ်ပုံမှားရမှာသဘာဝပဲလေ။
အမျိုးမျိုးကခုန်ရင်း
တစ်ရက်တစ်ရက်နဲ့
အသက်သာကြီးလာ
ခုထိငါဟာ
သောင်ပြင်ကသဲတစ်ပွင့်လို
အမည်လည်းမသိ
စာရင်းလည်းမရှိဖြစ်နေတုန်း။
အရေးတော်တော်များများကို
အတွေးတော်တော်များနဲ့
အကြွေးထားခဲ့မိတယ်ကွယ်
ပြန်ပေး၊ပြန်ရွေးလို့လည်းမရ။
ဘဝဇာတ်ခုံမှာ
ခဏသာကခုန်ရပေမယ့်
ချော်လှဲခဲ့ရတာလည်းမနည်း။
အဆင်ချောအဖုံဖုံနဲ့
ကခုန်ချင်ပေမယ့်
သတ်ပုံမှားရမှာသဘာဝပဲလေ။
No comments:
Post a Comment