hover animation preload

Thursday, 29 November 2012

အချစ်ဆုံးကိုဆုံးရှုံးရခြင်း



Sep 10, '12 11:38 AM
for everyone
သန္တာရယ်

ကြံကာဖန်ကာ


အဖန်ဖန်အခါခါ


ရင်မှထွက်သွား


ချစ်စကားများကို


နင်ဟန့်တားခဲ့သည်


တသက်လုံးမှာ


ငါအချစ်ဆုံးက


နင်ပါသန္တာ


နောင်ကြိုးလေးတမျှင်က


နောင်တိုးလို့ဝင်နေတာ


ဒီရင်ဘဝင်မှာပါ


ဒီသံယောဇဉ်ကြိုးကို


ဖြတ်ပြစ်လို့မရပေမယ့်


ထပ်ထစ်မတိုးအောင်


နင့်ကိုမေ့ထားခါမှ


နင့်နှလုံးသားက


အပြုံးများနဲ့


ဖုံးထားခဲ့တဲ့


အချစ်ပမာဏကို


ဖွင့်ကာပြတယ်


အတိုင်းမသိ


အတိုင်းမရှိအောင်


ပီတိဖြာမိပါတယ်သန္တာရယ်


သို့ပေမယ့်လည်း


တပါးသူဘဝထဲ


ဝင်ရောက်ဆဲဆဲမှ


ရင်တွင်းစကားကို


ဖြေရှင်းသွားတာ


နင့်ကိုအချစ်ဆုံးဖြစ်တဲ့


ငါ့ဘဝတခုလုံး


ပျက်သုဉ်းရှုံးပြုန်းမတတ်


ခံစားလိုက်ရပြန်တယ်


ဘာပဲဖြစ်ဖြစ်


နင့်အပြစ်လို့ငါမမြင်ပါ


မကြင်ရပေမယ့်


မမြင်ရတဲ့နင်အချစ်တွေဟာ


ငါ့အတွက်ဖြစ်နေခဲ့တာ


ငါသိရရုံနဲ့


တသက်လုံး


တင်းတိမ်ရောင့်ရဲ


နေရစ်ခဲ့ရကြိုးနပ်ပါတယ်

No comments:

Post a Comment