hover animation preload

Monday, 19 November 2012

မပွင့်စဖူးချစ်ဖူးမာလာ

နေ့ စဉ်ရက်ဆက်  တွေ့ ရက်ဆက်ချင်
သူအသံတွေ  ပန်းလိုဝေနေ
ဘ၀င်ရုပ်သေး  သူဆွဲပေးသို့ 
ယိမ်းရယိုင်ရ  ယိမ်းယိုင်ရသည်
စက္ကန့် လေးတွေ  စီမံနေသူ
ဆွဲအားကောင်းသူ  မိရင်မြှူရယ်
အချစ်ပန်းတွေ  ပွင့်ဝေလေပြီ။
မပွင့်စဖူး  ထူးထူးပွင့်အာ
ချစ်ဖူးမာလာ  ငဲ့ကွက်ညာကာ
အညှာမချိုး  မေတ္တာရေဖြိုး
စိုက်ပျိုးပေးပါ  မိသည်းညှာရယ်

No comments:

Post a Comment