စည်းလုံးစွာ
၊နည်းစုံသုံးကာ
၊အသက်အထပ်ထပ်
၊ပေးဆပ်ခဲ့၍
၊အနိမ်ခံဘဝမှ၊ဇိမ်ခံရလေအောင်
၊မလွတ်လပ်သည့်ဘဝမှ၊လွတ်လပ်ရလေအောင်
၊အစော်ကားခံဘဝမှ၊မော်ကြွားရလေအောင်
၊ဒုက္ခအသွယ်သွယ်မှ၊သုခအသွယ်သွယ်ရလေအောင်
၊စည်းဇိမ်ကိုမမက်၊အတ္တကိုမဖက်
၊မိသားစုအရေးကိုမတွေး
၊အသွင်အမျိုးမျိုးနဲ့၊တွင်တွင်ကြီးကျိုးပမ်းခဲ့သည့်
၊ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်များ
၊မြန်မာပြည်သားမှန်က
၊ချစ်ခင်လေးစား၊ရင်မှာထားရမည်မှာ၊မုချမလွဲအမှန်ပါပဲ
။သူတို့ကျားခဲကျားကုတ်၊အားထုတ်ထားခဲ့သည်ကို
၊ကြားထဲကအမြတ်ထုတ်ကြသည်
၊ပရအကျိုးကိုဖယ်၊အတ္တအကျိုးကိုလွယ်ကြသည်
၊မိမိတို့ကောင်းစားဖို့အရေး
၊လူတွေကိုဒုက္ခပေးကြသည်
၊နေရာမှန်မှာ၊လူအမှားစံ၍
၊လူအများကအပူများခံကြရသည်
၊ကိုယ်ထဲသွေးကသေဘေးပွားစေဆိုသည်ကား
၊ရှေးလူကြီးများစကားမှန်လှပါဘိတကား
၊ကိုပြုသောကံပဲ့တင်သံကို့ထံပြန်လာဧ။်ဆိုသဘိ
၊သူတို့ပြုသောကံကြောင့်၊သူတို့ခံရစမြဲပဲ
။ခုတော့လည်းအမှားတွေစုယှဉ်သော်ငြား၊အမှန်တခုကိုမနိုင်ပါတကား။
No comments:
Post a Comment