အိုကွယ့်မူံလေး လှပဂေး ဘာတွေးထားလဲကွယ်
ချစ်စာဂလေး ဘာမတွေး ထိုင်ငေးနေတယ်ကွယ်။
ထိုင်ကာငေးကာ ဘဝမှာ ဖြေရှာမှာလားကွယ်
ဒါဆိုဒါဆို ဘာတွေလို ပျိုပျိုသိချင်တယ်
လူတို့အရေး အကျိုးပေး လုပ်ပေးပါလားကွယ်။
မွဲတေဆင်းရဲ တကယ်ပဲ ကြုံမြဲဖြစ်နေတယ်
ဒုက္ခသုခ အလှည့်ကျ ဆုံရမှာပဲကွယ်
ပျိုလေးပျိုလေး စိတ်အေးအေး ဆုပေးပေါ့လေကွယ်
ဟုပ်ကဲ့ဟုပ်ကဲ့ အမောင်ရဲ့ ပေးခဲ့ပါ့မယ်ကွဲ့။
အတ္တအရေး ရှေးပြေးတွေး မထွေးသင့်ဘူးကွယ်
ပရအကျိုး မျှော်ကိုးကိုး သယ်ပိုးသင့်တယ်ကွယ်
တတ်နိုင်သမျှ ခြေကိုချ လျှောက်ရမှာပဲကွယ်
မှန်တယ်မှန်တယ် အမောင်ရယ် တကယ်ပြောတာကွဲ့
No comments:
Post a Comment