hover animation preload

Thursday, 29 November 2012

ချစ်သူကိုပျော်စေချင်သူ



Sep 10, '12 11:03 AM
for everyone
ချစ်သူရေ
      ကိုသာလေညင်းလေးဆို
     ချစ်သူနှလုံးရွှင်ပြုံးဖို့ အရေး
အမွေးဆုံးရနံ့ များသယ်ယူဆောင်ပေးပါ့မယ်
            ချစ်သူရေ
  နေရဲ့ အပူဒဏ်ခံနေရမယ်ဆို
တိမ်တိုက်များကိုသယ်ဆောင်လာကာ
ဒီလေညင်းလေးကကွယ်ကာပေးပါ့ မယ်။
           ချစ်သူရေ
    ကိုသာပန်းတစ်ပွင့်ဆို
နင့်ရဲ့ ကေသာမှာနေရာယူကာ
  ရနံ့ နင့်တကွလှပစေမယ်။
           ချစ်သူရေ
နင်သာအချွေခံလိုက်ရတဲ့ပန်းတစ်ပွင့်ဆို
ဒီရင်မှာအခြေခိုင်တဲ့အချစ်ကမတွေမငိုင်
ကောက်ကိုင်ပန်ဆင်ပါ့ မယ်အချစ်ရယ်

No comments:

Post a Comment