hover animation preload

Thursday, 29 November 2012

ဆောင်ပါ ရှောင်ပါ


Sep 10, '12 11:36 AM
for everyone
ညီလေးရေ

ပလီပလာ


မူယာမာယာတွေနဲ့


အကွက်ဆင်ပြီး


မညာမတာပဲ


အသဲခွဲတတ်တဲ့


မိန်းမတချို့ဟာ


ကျားရဲတစ်ကောင်ထက်


ကြောက်ဖို့ကောင်းတယ်နော်


သူတို့ကိုဂရုမူကာရှောင်သွားပါ


ဂရုမူကမြူကိုမြင်တဲ့


ဂရုမမှုကဂူကိုပင်မမြင်တဲ


အသိနှင့်သတိညှိထားပါ


ညီလေးရေ


တချို့ကျတော့


သန့်ရှင်းအပြစ်ကင်းတဲ့


ချစ်ခြင်းတွေထားရှိကြတယ်


သစ္စာတရားကိုကိုးကွယ်ပြီး


မေတ္ဏာတရားကိုနားလည်တန်ဖိုးထားတယ်


ရိုးရှင်းပွင့်လင်းတယ်


အဲလိုမိန်းကလေးတွေကိုတွေ့ရင်


မရှောင်ပါနဲ့


ဘဝအဖေါ်အဖြစ်ရွေးချယ်သည့်စိတ်ကို


ဆောင်ထားပါ


မိန်းမကောင်းပန်းပန်တစ်ပွင့်တန်တဲ့လေ


အဲလိုမိန်းကလေးက


ရှာကြည့်မှရှားမှန်းသိမယ်

No comments:

Post a Comment