hover animation preload

Tuesday, 20 November 2012

မာလာနင့်ဝေဒနာ

မာလာ၊မလှပတဲ့ငါ့ဘဝထဲကို
၊လှပတဲ့မင်းက၊စွန့်ခွာသွားတာ
၊အဓွန့်ရှည်ကြာသွားပေမယ့်
၊မပြစ်နိုင်မစွန့်နိုင်သေးတာ
၊မဖြစ်နိုင်မချစ်နိုင်တော့တဲ့၊မာလာ့ကိုပါမာလာရယ်
၊ခံစားချက်အဟောင်းတွေကိုမပြစ်နိုင်သေးတော့
၊ခံစားချက်အကောင်းတွေကိုရှာရန်မဖြစ်နိုင်သေး
၊ငါ့နှလုံးသားမှာနင်ရှိနေသေးတော့
၊နှင့်နေရာမှာ၊အသစ်ရှာထည့်ရန်ကား
၊ရေထဲမီးခဲရှာသဘိ၊မတတ်နိုင်မရနိုင်သေး
၊မာလာရယ်၊အဖြစ်အပျက်အဟောင်းတွေက
၊ဝေဒနာအသစ်နှင့်အဟောင်းကို
၊ပေါင်းစု၍ငါ့ရင်ထဲကိုထည့်နေမြဲပါ
၊ဒီဝေဒနာတွေကို၊အဖြေရှာပေးကြပါလို့
၊လောကကြီးကို၊မပြောပြမတောင်းဆိုလိုပါ
၊မာလာရေလာပါလာပါလို့
၊ငါ့နှလုံးသားရဲ့ခေါ်သံကိုနှင်ကြားမည်မဟုပ်ပါ
၊နှလုံးသားရဲ့စကားကို၊နှလုံးသားပဲကြားတတ်တာပါ၊မာလာရယ်

No comments:

Post a Comment