for everyone |
အလင်းမဲ့တဲ့ငါ့ဘဝမှာ
ကြယ်တာရာလေးတလုံးကို
လမင်းကြီးလို့ငါထင်မိရင်လည်း
ငါမမှားပါဘူး။
အချစ်ကိုမခံစားဖူးတဲ့ဘဝမှာ
လူတယောက်ရဲ့
ချိုသာစွာဆက်ဆံမူကို
အချစ်လို့ယောင်မှားပြီးထင်မိရင်လည်း
ငါမမှားဘူး။
လမ်းမသိတဲ့ငါ့အတွက်ကတော့
လမ်းတိုင်းကငါလျှောက်ရမယ့်လမ်းလို့ထင်ရင်လည်း
ငါမမှားဘူး။
အပြုံးကိုမမြင်ဖူးတဲ့ငါက
အမုန်းအပြုံးကို
အချစ်အပြုံးလို့ထင်မိရင်လည်း
ငါမမှားဘူး။
No comments:
Post a Comment