Monday, 19 November 2012
ညို့ အားကောင်းသူဆွဲခေါ်ယူသည်
ခဏတာဆုံရာမှ
ဘ၀ဖို့ ခုံမင်
ဖူးစာဆုံချင်
ကြုံချင်မိတယ်ကွယ်
အံ့မခန်းဆန်းကြယ်
အချစ်နယ်ပယ်ထဲ
ညို့ အားကောင်းသူ
ဆွဲခေါ်ယူလေတယ်
ချစ်စကားကိုတေး
ညို့ သူကိုငှေး
ဒီအတိုင်းမှေးစက်
နေရစ်ခက်သဖြင့်
ချစ်ကြောင်းကြိုက်ကြောင်း
ထပ်လောင်းပြောကာ
ညို့ သူမနောဝယ်
ခညောင်းစေမယ်
ငါ၏ရည်စူးချက်
ကံလည်းမဖျက်
သူလည်ပြန်ချစ်ခဲ့လျှင်
အချစ်ရေးအချစ်ရာမှာ
ပီတိဝေဖြာစရာပင်တည်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment