for everyone |
ဦးခေါင်းကို ထုထောင်းထိုးနက်
ရိုက်နှိပ်စက်၍ သွေးစက်ပေါက်ပေါက်
မြေသက်ရောက်လည်း လက်မြောက်ပါပြီ
ဒူးထောက်ပါပြီဟု ငါသည်
ဘယ်သောအခါမျှ အရှုံးမပေး။
ငါ့သိက္ခာကို မညာမတာ
ရက်စက်စွာဖြင့် မုသားဝါဒ
ပုတ်ခတ်ကြလည်း ငါသည်
ဘယ်သောအခါမျှ အရှုံးမပေး။
ငါ့ပညာကို လွဲကာရှောင်ဖယ်
ဖျောက်အံ့ရွယ်၍ မျက်ကွယ်ပြုလျှက်
ချောင်ထိုးဖျက်လည်း မပျက်ခိုင်ကြည်
သစ္စာတည်၍ ငါသည်
ဘယ်သောအခါမျှ အရှုံးမပေး။
ငါ့သီလကို ပုတ်ချပြောဆို
မနာလို၍ မုန်းထားဂုံးတိုက်
ကြမ္မာဆိုက်လည်း ငါသည်
ဘယ်သောအခါမျှ အရှုံးမပေး။
ငါ့ဘ၀ကို ပြိုကျဖျက်ဆီး
ဒေါသမီးဖြင့် အထီးကျန်အောင်
လွင့်ပြုတ်အောင်ပင် ထောင်ချောက်ဆင်ကာ
ညှဉ်းပန်းပါလည်း ငါသည်
ဘယ်သောအခါမျှ အရှုံးမပေး။
No comments:
Post a Comment