hover animation preload

Thursday, 29 November 2012

အမြင်လွဲ


Sep 9, '12 10:29 AM
for everyone
´☂`♥★♠♥´☂`
အချစ်ကိုမျိုသိပ်
လျှာကိုလိတ်ပြီး
တိတ်တိတ်နေရန်
မဖြစ်ဟန်သဖြင့်
 အရှိအမှန်ကို
  ဖွင့်ဟ၀န်ခံ
ပြောရည်သန်သည်မို့ 
 ချစ်တယ်ဆိုစကား
  နှမငယ်ပျိုအား
ပြောလိုက်မိသည်
  မဆိုင်းမတွ
 သူပြောပြသည်
  မဖြစ်နိုင်ပြီတဲ့
မချစ်နိုင်တာအတည်တဲ့
ခေလှတဲံ့ချစ်ကံကြောင့်
ဖြေမရအောင်ခံစားမိသည်
 သူ့ ရင်မှာငါမရှိမှန်း
   ကြိုသိခဲ့ရင်
    မဖွင့်ဟပဲ
တစ်ဖက်သတ်အချစ်နှင့်
  သောမနဖြစ်၍
ကျေနပ်နေလိုက်မိမည်
ခုတော့အချစ်ကိုအရင်းပြု
  ခံစာချက်ကြီးတခု
အမြတ်အဖြစ်ဒီရင်မှာ
 ကျန်သွားခဲ့လေပြီ။

မိုးကျရွှေကိုယ်ပေါ်ပေ



Sep 9, '12 10:32 AM
for everyone
မိုးကျရွှေ
ကိုယ်ပေါ်ပေသို့ 
  အခွင့်ထူးများ
ကံဖွင့်ပေးဖူးသည်
´☂`♥★♠♥´☂`
ပျော်စရာအချိန်များနှင့်
  မော်ကာကြွားကာ
ကျော်ကာသွားခဲ့ဖူးသည်
´☂`♥★♠♥´☂`
ရည်စူးချက်ချင်းတူ၍
အတူကြည်နူးခဲ့ဖူးသည်
  တသက်တာမခွဲပဲ
လက်တွဲဆက်ကြမယ်လို့ 
ဆုံးဖြတ်ချက်ချဖူးကြသည်
´☂`♥★♠♥´☂`
အတိတ်က ကတိစကား
ဒို့ နှစ်ယောက်မေ့မထားပဲ
ရှေ့ ဆက်ရမယ့်ခရီးဆန်ကို
ရည်သန်သန်နှင့်ဆန်တက်ကြမယ်
             ချစ်သူရယ်
´☂`♥★♠♥´☂`

နောင်တနင့်သံဝေဂ


Sep 9, '12 10:36 AM
for everyone
ရင့်ရော်အိုမင်း
ဇရာထောင်းခြင်းက
သေဆုံးခြင်းနှင့်
ပြီးဆုံးခြင်းကို
စိုက်ပျိုးခဲ့လေပြီ။
နုပျိုငယ်ရွယ်ခြင်းက
လက်ပြနုတ်ဆက်
အတိတ်မှာနေရစ်ခဲ့လေပြီ
ထိုနုပျိုချိန်ဝယ်
လူများတို့ အရေး
မျော်မတွေးပဲ
ပေါ့ပေါ့တွေး
ပေါ့ပေါ့ရေး
ပေါ့ပေါ့စား
ပေါ့ပေါ့သွားကာ
အချိန်များကို
အကြိမ်များစွာ
ဖြုန်းတီးသွားခဲ့သည်
ငါသည်အကြွေးချန်ကာ
ခရီးဆန်နေသူပါလားလို့ တွေး၍
နောင်တများက
တစ်ဘက်မှငါ့အား
ခံစားစေသလို
တစ်ဘက်မှငါ့အား
ရှေ့ ဆက်ရမယ့်
ခရီးများအတွက်
စီမံခန့် ခွဲဇယားဆွဲပေးသဖြင့်
အသဲနာမူများမှ
ဝမ်းသာစရာတစ်ခုပင်တည်း။

ချစ်ကြိုးတစ်မျှင်


Sep 9, '12 10:38 AM
for everyone
 တိတ်တခိုး 
အကြည့်မျိုးမှ
 တိတ်တခိုး 
ကြိတ်ပိုးရင်းမှ
သမုဒယဆိုတဲ့ 
ချစ်ကြိုးတစ်မျှင်
ဒီရင်ဘ၀င်ထဲ 
ရစ်တိုးလို့ ဝင်ခဲ့ပြီ
တွယ်ငြိခြင်းဖြင့်
 ရင်တွင်းစူးနစ်
 ဒီချစ်ခြင်းကို
 ချစ်ချင်းမျှဝေ
ခံစားစေလိုသည်

တွယ်တာပေမယ့်ကွယ်ရာကပဲချစ်နေမယ်



Sep 9, '12 10:40 AM
for everyone
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
အတိမ်းခက်ကာ
ယိမ်းနွဲ့ ခဲ့ပေမယ့်
သူစိမ်းတယောက်နယ်
သူစိမ်းရက်လေတယ်။
သံယောဇဉ်အသစ်
ခွေကာရစ်ပေမယ့်
ဝေဒနာသာဖြစ်ရပြီ။
တွယ်တာပေမယ့်
သူကွယ်ကာလေတော့
ကွယ်ရာကပဲချစ်ရရုံပေါ့။
နှောင်ငင်တွယ်ရစ်
ငါချစ်မိသမျှမှာ
ပုံပြင်ရယ်ထား
အိမ်မက်များသဖွယ်ပေါ့။

မာလှတဲ့အသည်း ယိုင်လှဲခဲ့ပြီ


Sep 9, '12 10:43 AM
for everyone
မာလှတဲ့အသည်း

သူကိုင်ခါမှပဲ

ယိုင်လာတော့တယ်

ငြိမ်နေတဲ့ရင်ခုန်သံ

သူနဲ့ဆုံမှပဲဆူညံလာတော့တယ်

အချစ်ကိုမြုပ်ထားတဲ့နှလုံးသား

သူနဲ့ကျမှဖေါ်ထုတ်သွားတော့တယ်

အသည်းမမာနိုင်တော့အောင်

အသည်းစိုင်ကို

သူအမြဲဆွဲကိုင်ခါနေပြီ

အချစ်ရေးအချစ်ရာမှာ

တရားထိုင်နေတဲ့နှလုံးသား

တရားမခိုင်တော့ပဲ

တအားကိုယိုင်နေပြီကွာ

ချစ်ဦးသူ


Sep 9, '12 10:46 AM
for everyone
´☂`♥★♠♥´☂`
   ချစ်ဦးသူရေ
   မချစ်ဖူးလို့ 
 အချစ်ရူး ရူးကာ
   သစ်ထူးတဲ့
  ခံစားချက်တွေ
ရင်မှာပြည့်နက်နေပြီ
´☂`♥★♠♥´☂`
ဘယ်လောက်ဝေးကွာ
ဘယ်လောက်ကြာကြာ
 ချစ်ခြင်းတွေဟာ
    ဒီရင်ထဲမှာ
ပူနွေးနေဆဲပါကွယ်
´☂`♥★♠♥´☂`
ကြာလေသစ်လေ
 ငါ့အချစ်ပေမို့ 
သံသယစိတ်များ
ရင်မှာသိပ်မထားရာပဲ
ယုံကြည်စိတ်တို့ နှင့်
ရင်ကိုပိတ်ဆို့ ထားပါ
ချစ်ဦးသူချစ်သူလေးရာ။
´☂`♥★♠♥´☂
ဘေးကမ်းကိုမကြည့်ပဲ
အေးအေးချမ်းချမ်းနှင့်
ဘ၀ခရီးလမ်းကို
အတူတူလျှောက်လှမ်းကြမယ်
ချစ်ဦးသူလေးရယ်

ဘ၀နင့်ဓမ္မ


Sep 9, '12 10:48 AM
for everyone
ရေစီးထဲကဗေဒါလို
မသေချာမရေရာတဲ့ဘ၀မှာ
ငါဖွေရှာနေသည်ကမနည်း။
 သဲသောင်ဖြင့်ပန်းပုထု
  ဇွဲအောင်၍ရုပ်လုံးစု
 ခဏတာမြင်သာရပြီး
လေတဝှေ့ မှာပြန်မတွေ့ ရသဘိ
အဖြစ်အပျက်များလည်းရှိရပြန်၏။
    ကိုကစေဒနာဖက်
မေတ္တာဆက်၍ငဲ့ကွက်ကူတာ
 ဝေဒနာဖြင့် ကို့ စေဒနာကို
   အရောင်ဆိုး ဆိုးကာ
ချောင်ထိုးထားခြင်းလည်းခံရပြန်၏။
မေတ္တာတရားကို ဦးညွတ်သွားပြီး
     အမုန်းတရားကို
      စုရုံးမပွားစေပဲ
 တရားပွေ့ ၍ ချမ်းချမ်းမြေ့ မြေ့ 
       နေလိုပြန်၏။

ချစ်နေပါလျှက်ရင်မှာခိုဝှက်


Sep 9, '12 10:51 AM
for everyone
ချစ်နေပါလျှက်

ရင်မှာခိုဝှက်


မဖွင့်ဟရက်တာ


ငါ့ရဲ့အားနည်းချက်ကြောင့်ပါ


ဂုဏ်ဓနဉယာဉ်မှာ


ပွင့်အာလာတဲ့


ပန်းမာလာလေးနင့်ကို


နေဒဏ်ထိုးနက်


မညိုးရက်စေလို


အစဉ်လန်းရန်


ရည်မှန်းရှိသဖြင့်


ထိုက်သင့်ရာမှာ


ဆိုက်ကာဝင့်စေလိုတာပါ။

မာနကင်းတဲ့ချစ်ခြင်း


Sep 9, '12 10:53 AM
for everyone
ဒို့ နစ်ယောက်ရင်တွင်း
 မာနကင်းတဲ့ချစ်ခြင်း
 ဆို့ နစ်ရောက်ကာ
    ရှိနေပါက
   ပီတိအဖြာဖြာ
  ဗျာနတ္တိဗလာနင့်
 အေးချမ်းတဲ့ဘ၀ခရီးက
 ပြေးလှမ်းလို့ ဆီးကြိုရာ၏
 မာနဆိုးကျိုး စိုးရန်မလိုပြီ
  တလွဲမာနများကြောင့်
 တကွဲတပြားဖြစ်ရန်မလိုပြီ
 မာနကင်းမဲ့အချစ်ကိုဖက်ပြီး
ထာဝရအဖြစ်လက်ဆက်ကြမယ်နော်
        ချစ်သူ။

ယုံပါချစ်သူ









ပရိယာယ်မဖက်

မကွယ်ဝှက်ပါ


နင့်ကိုချစ်တာ


စစ်တယ်မှန်တယ်


နင့်အပေါ်မေတ္တာရှိတာ


သူများထက်သာတယ်


ငါ့ရဲ့သစ္စာတရားက


အတုအလိမ်ညာများမဟုပ်


ငါနင့်ကိုရှုံးစေမယ့်လူမဟုပ်


ငါနင့်ကိုပြုံးစေမယ့်သူပါ


ငါကအပြုံးပန်းမလှပေမယ့်


အဆုံးခမ်းတိုင်ထိ


အပြုံးဝေလှိုင်စေမယ့်သူဆိုတာ


အကြွင်းမဲ့ယုံကြည်ပါချစ်သူ

ချစ်အိမ်မက်


Sep 9, '12 10:59 AM
for everyone
စစ်မှန်တဲ့မေတ္တာ
  စစ်မှန်တဲ့မုဒိတာ
  စစ်မှန်တဲ့သစ္စာ
  စစ်မှန်တဲ့အချစ်နဲ့ 
 အန္တရယ်ပေါင်းများကို
ဒို့ နစ်ယောက်ထိုးဖေါက်ကာ
စိုးကြောက်မူ့ မဲ့လျှောက်လာခဲ့တယ်
  ခုတော့လည်း
  တွဲမြဲတွဲလျှက်
 ဒို့ လက်နစ်ဖက်ကို
မလှပတဲ့အဆုံးသတ်မူက
ခွဲခွာ၊ကွဲကွာစေလိုက်ပြီ
   သိပ်ချစ်ခဲ့တဲ့
အဖြစ်အပြက်တွေက
  အိမ်မက်တခုနယ်
ပျောက်ပျယ်ခဲ့ရပါပြီ

အသဲခွဲက၀ိရှင်ကိုအသဲထဲစွဲထင်မိတဲ့ချစ်လူမိုက်


Sep 9, '12 11:02 AM
for everyone
အချစ်ကိုပွေ့ လို့ 
အပြစ်ကိုပင်မတွေ့ 
ရည်းစားလည်းများ
လှည့်စားကာသွား
အသဲခွဲသမားလေးလို့ 
ပတ်ဝန်းကျင်စကားကို
ခေါက်လိပ်ကာထားပြီး
ကြောက်စိတ်ကိုဖျောက်
ဆက်လျှောက်နေမိသည်။
ခုတော့အသည်းခွဲက၀ိရှင်ကို
အသည်းထဲစွဲထင်မိလို့ 
အသည်းကွဲပွဲဆင်နွဲခါမှ
ပတ်ဝန်းကျင်စကား
အမှန်တရားပါလားလို့ 
ပြင်မရတဲ့နောင်တတို့ 
မမြင်ရတဲ့လမ်းမှ
ဆိုက်ကာရောက်လို့ 
ရှိုက်နေရပြီကွယ်။

အဖြည့်ခံ


Sep 9, '12 11:03 AM
for everyone
ကိုသာတိမ်လွှာလေးဆို

လေယူရာလိုက်ပါသွားမှာပါ


နင်သာလေပြေဆိုရင်ပေါ့။


နင်သာစမ်းရေအေးလေးဆို


တသွင်သွင်စီးဆင်းဖို့အရေး


ကိုကမြေပြင်ခင်းလေးဖြစ်ပေးလို။


နင်သာပန်းကလေးတပွင့်ဆို


ညင်သာစွာနဲ့ရင်မှာစွဲမယ့်


နံ့သာလေးကိုဖြစ်ပေးစေလို။


ကိုသာလမ်းလေးတခုဆို


နင့်ရဲ့လိုအင်ပန်းတိုင်ကို


သယ်ဆောင်သွားစေလို။

စိတ်ပျက်တယ်


Sep 9, '12 11:05 AM
for everyone
အချစ်ရေးဆိုထား

မေတ္တာစကားပြောထား


ရင်တွင်းစကားဖွင့်ဟထားတာ


စက္ကူကျားကို


အသက်ရှုသွားအောင်


အသက်သွင်းသလိုများ


ဖြစ်နေပြီလားကွယ်။


စိတ်ပျက်မိလည်း


သိပ်ချစ်နေမိပြီပဲ။


စိတ်ပျက်တယ်


မေ့မရပြန်တော့


သိပ်ခက်တယ်မမရယ်။

ဆန့် ကျင်ဘက်


Sep 9, '12 11:07 AM
for everyone
အပြုံးကိုမင်

အပြုံးပင်ပျိုး


ပွင့်အာလာတော့


မျက်ရည်ဆိုး။


အချစ်ပင်ကိုခင်


အချစ်ပင်ကိုပျိုး


ပွင့်အာလာတော့


အမုန်းပန်းဆိုး။


ပိုင်ဆိုင်မူကိုမင်


ပိုင်ဆိုင်မူကိုဆင်


ရလာတာကအရှုံးပင်။

အချစ်ပန်းကဝေလန်းဖို့ ပါ


Sep 9, '12 11:08 AM
for everyone
ကြွေဖို့အတွက်တော့

မဝေချင်ပါဘူး


အချစ်ပန်းက


ဝေလန်းဖို့ပဲလေ


ဆက်ဝေဖို့အတွက်


အရွက်ခြွေပေးတာမျိုး


ပိုးမကိုက်အောင်


စိုးကာဂရုစိုက်တာမျိုး


အချစ်ပန်းလေးက


လိုလားတောင့်တတာပါ။

အချစ်ပန်းတမျိုးခိုးပျိုးမိပြီ


Sep 9, '12 11:11 AM
for everyone
ပန်းကလေးရေ

ငါ့ရင်ထဲပန်းတမျိုး


ခိုးပျိုးနေမိပြီး


ဒီပန်းတစ်မျိုးကို


နေဒဏ်ဆိုးလည်း


မညိုးစေနိုင်ဘူး


လေပြင်းမွေလည်း


မြေခင်းပေါ်မကြွေနိုင်ဘူး


ရန်သူငါးပါး


မထိပါးနိုင်ပါ


ငါခိုးပျိုးလိုက်တဲ့


ဒီအချစ်ပန်းတမျိုးဟာ


နင့်တစ်ယောက်အတွက်သာ။


နင့်ရဲ့မေတ္တာရေအေး


ဖျန်းပက်ပေးကာ


ရှင်သန်ကြီးထွားလာရင်


တသက်တာအတွက်ပန်ဆင်စေလို။

မြေပြင်ကြီးရဲ့ နိဝါတနင့်စာဂ


Sep 9, '12 11:14 AM
for everyone
ဘယ်လိုနင်းနင်း

မနင်းပါနဲ့လို့


သူမငြင်းဘူး


လုပ်ချင်တာလုပ်


သူမဆုတ်ဘူး


သူဆိုတဲ့


ငြိမ်ပြီးသာနေတဲ့


မြေပြင်ကြီးရယ်


အပြစ်မတင်တဲ့အပြင်


ချစ်ခင်စွာနှင့်


သက်ရှိတွေအရေး


ဖြေရှင်းပေးသေးတယ်


နင့်ရဲ့နိဝါတတရား


နင့်ရဲ့စာဂတရားကို


အလေးမထား


မလေးစားပဲ


မည်သို့နေနိုင်အံ့။


အပြည့်အဝ


တုမရရင်တောင်


တစိတ်တဒေသတော့


တုပါရစေမြေပြင်ကြီးရေ။

မငိုပါနဲ့ ချစ်သူ


Sep 9, '12 11:18 AM
for everyone
မငိုပါနဲ့ချစ်သူရယ်
နင့်ရဲ့ မျက်ရည်တစ်စက်ကိုပင်
  ငါမကြည့်ရက်နိုင်လို့ ပါ
နင်မျက်နာညိုးမှာကိုတောင်
နင်ဝင်ထားတဲ့ဒီရင်ကစိုးတာပါ
နင်အမြဲတမ်းပျော်ရွှင်နေတာကို
ဒီရင်ဘ၀င်ကမြင်နေချင်တာပါ
  နင့်ကိုသောကပေးမယ့်
 လောကဘေးတွေအတွက်
     ငါဟာဒိုင်းတခုပမာ
ရှေ့ မှာကာပေးပါ့မယ်ချစ်သူ။

ကံဇာတာရယ်ဆန်းထပါတော့ကွယ်



Sep 9, '12 11:24 AM
for everyone
အချစ်ကံခေခြင်းနွံမှာ

အနစ်ခံကျွံနေတုန်းပဲ

ကံဇာတာရယ်

ဆန်းထလာပါတော့ကွယ်

ဆန်းထလာမယ့်ရ့က်ကို

တမ်းတလာရင်းနဲ့ပဲ

ဇရာထောင်းလို့

အရောင်တွေပင်ပြောင်းနင့်ပြီ။

ကံဇာတာရယ်

တဖန်တခါလောက်တော့

ကြမ္မာကောင်းဖြင့်

နေရာပြောင်းပေးလှည့်ပါကွယ်။

ကံဇာတာရယ်

အထီးကျန်ခြင်းစက်ဝိုင်းမှ

အပြီးအပိုင်စိုင်းထွက်နိုင်အောင်

ဆွဲခေါ်သွားမယ့်

လက်တွဲဖေါ်တစ်ယောက်

ဖန်တီးပေးလှည့်ပါတော့ကွယ်

အရှုံးသမားရဲ့  နှလုံးသား

အရှုံးသမားရဲ့ 
   နှလုံးသားကို
    ပြုံးထားပါလို့ 
 ဆုံးမသွားတဲ့နှင့်ကို
   စာနာမူမဲ့တဲ့ဘွဲ့ 
နှင့်အတွက်ပေးပါရစေ။
  ငါ့အသဲကိုခွဲပြီး
   အပြုံးမွဲဆေး
 ဖေါ်စပ်ပေးတဲ့နှင့်ကို
မွဲဆေးဖေါ်ပေးတတ်တဲ့
   သမားတော်ဘွဲ့ 
နှင့်အတွက်ပေးပါရစေ။

အရှုံးမပေး


Sep 9, '12 11:34 AM
for everyone
ဦးခေါင်းကို  ထုထောင်းထိုးနက်
ရိုက်နှိပ်စက်၍  သွေးစက်ပေါက်ပေါက်
မြေသက်ရောက်လည်း  လက်မြောက်ပါပြီ
ဒူးထောက်ပါပြီဟု ငါသည်
ဘယ်သောအခါမျှ အရှုံးမပေး။
ငါ့သိက္ခာကို  မညာမတာ
ရက်စက်စွာဖြင့် မုသားဝါဒ
ပုတ်ခတ်ကြလည်း  ငါသည်
ဘယ်သောအခါမျှ အရှုံးမပေး။
ငါ့ပညာကို လွဲကာရှောင်ဖယ်
ဖျောက်အံ့ရွယ်၍  မျက်ကွယ်ပြုလျှက်
ချောင်ထိုးဖျက်လည်း မပျက်ခိုင်ကြည်
သစ္စာတည်၍  ငါသည်
ဘယ်သောအခါမျှ အရှုံးမပေး။
ငါ့သီလကို  ပုတ်ချပြောဆို
မနာလို၍  မုန်းထားဂုံးတိုက်
ကြမ္မာဆိုက်လည်း ငါသည်
ဘယ်သောအခါမျှ အရှုံးမပေး။
ငါ့ဘ၀ကို  ပြိုကျဖျက်ဆီး
ဒေါသမီးဖြင့် အထီးကျန်အောင်
လွင့်ပြုတ်အောင်ပင်  ထောင်ချောက်ဆင်ကာ
ညှဉ်းပန်းပါလည်း  ငါသည်
ဘယ်သောအခါမျှ အရှုံးမပေး။

အမှတ်တမဲ့သာနင့်ဘ၀တသက်တာ


Sep 9, '12 11:37 AM
for everyone
အမှတ်တမဲ့ထပြန်သွားတဲ့

ငှက်ငယ်လေးရေ


ကြွေကျပျက်ပြယ်သွားတဲ့


သစ်ရွက်ခြောက်ပမာ


ငါ့နှလုံးသားကအချစ်ဟာ


ဘဝတစ်သက်တာအတွက်


ပြန်ဝေဆာဖို့ဆိုတာ


မရေရာတာမဟုပ်


မသေချာတာမဟုပ်


မဖြစ်နိုင်တော့တာပါ။

ဘ၀ဇာတ်ခုံ


Sep 9, '12 11:38 AM
for everyone
ဘဝဇာတ်ခုံမှာ

အမျိုးမျိုးကခုန်ရင်း


တစ်ရက်တစ်ရက်နဲ့


အသက်သာကြီးလာ


ခုထိငါဟာ


သောင်ပြင်ကသဲတစ်ပွင့်လို


အမည်လည်းမသိ


စာရင်းလည်းမရှိဖြစ်နေတုန်း။


အရေးတော်တော်များများကို


အတွေးတော်တော်များနဲ့


အကြွေးထားခဲ့မိတယ်ကွယ်


ပြန်ပေး၊ပြန်ရွေးလို့လည်းမရ။


ဘဝဇာတ်ခုံမှာ


ခဏသာကခုန်ရပေမယ့်


ချော်လှဲခဲ့ရတာလည်းမနည်း။


အဆင်ချောအဖုံဖုံနဲ့


ကခုန်ချင်ပေမယ့်

သတ်ပုံမှားရမှာသဘာဝပဲလေ

ချစ်ကံခေခြင်း


Sep 9, '12 11:41 AM
for everyone
တသမတ်တည်း

ပတ်ကာလျှောက်နေရတဲ့


ဆီဆုံလည်တဲ့နွားတစ်ကောင်ပမာ


ငါသည်လည်း


အချစ်ကံခေခြင်းစက်ဝိုင်းထဲမှာ


ပတ်ကာလျှောက်နေရတုန်းပဲကွယ်။


တခါတရံကျပြန်တော့လည်း


ငါလိုချင်တဲ့အချစ်မိုးတွေ


သွန်းဖြိုးနေတဲ့အခါမှာ


ငါကအိပ်မောကျနေပြန်ရော


နိုးထလာတဲ့အချိန်ကျပြန်တော့


အချစ်မိုးကပျောက်ကွယ်နှင့်ပြီ


ငါ့အဖြစ်ကဆိုးနေတုန်းပါပဲလားကွယ်။


ပြန်နုတ်ဖို့ဆုံးဖြတ်ထားရင်


ငါ့ရင်ထဲမှာအချစ်ပန်းကလေး

လာမပျိုးကြပါနဲ့လားကွယ်

အတွင်းတိုက်ပွဲ


Sep 9, '12 11:43 AM
for everyone
တစ်ရက်မတွေ့ရရင်

အခက်တွေ့နေရတယ်

စွဲလမ်းမူမတိုးရန်

ခွဲလှမ်းပြီးနေမယ့်အသိကို

ငါ့ရင်ဘဝင်က

ဖီလာဆန့်ကျင်ပြန်တယ်

ပဉ္စကလျှာလေးရယ်။

ခဏပင်မေ့မရအောင်

သတိရ၊တသနေမိပြန်တယ်

ငါ့ရဲ့အာရုံတချို့ကို

နင်ဘယ်ပုံညို့ယူလိုက်ပါလိမ့်။

နင့်အချစ်ကိုမရရင်

ငါ့အဖြစ်ကတော့

အတွင်းတိုက်ပွဲကြောင့်

အပြင်မှာပါ

အပြင်းခိုက်ကာတိမ်ကောရတော့မယ်ထင်တယ်

အချစ်မျက်နာဖုံး


Sep 9, '12 11:47 AM
for everyone
နင့်ရဲ့အချစ်မျက်နာဖုံးကြောင့်

မရှု့မလှငါကျရှုံးခဲ့တယ်ကွာ


နင့်ရဲ့အချစ်မျက်နာဖုံးအောက်မှာ


ငါ့ရဲ့အချစ်တွေပျက်သုဉ်းခဲ့ရတယ်


အရက်စက်ဆုံးအမုန်းတွေကို


နင့်ရဲ့အချစ်မျက်နာဖုံးနဲ့ဖုံးကာ


ပူလောင်တဲ့အပြုံးတွေနဲ့


ငါ့နှလုံးသားကိုကျွမ်းစေခဲ့တယ်


ငါ့လိုအဖြစ်မျိုးနဲ့မင်းတိုးခဲ့ရင်


ငါ့လိုအဖြစ်မဆိုးပါစေနဲ့ကွာ


ဒါဟာငါ့မေတ္တာရဲ့ပတ္တနာပါ။

ဆူးနင်းဆီ


Sep 9, '12 11:50 AM
for everyone
ငါအရူးအမူးချစ်ခဲ့မိလို့

ငါဆူးစူးဖြစ်ခဲ့တာပါ


ဆူးနှင်းဆီလေးရယ်


အချစ်စိတ်တွေကြောင့်


ဆူးဆိပ်တက်ခဲ့ရတာကို


မေတ္တာဆေးနဲ့ဖြေပေးပါတယ်


ဆူးနင်းဆီလေးရယ်


နင့်ရဲ့ဆူးဒဏ်တွေကြောင့်


သွေးလျှံခဲ့ရပေမယ့်


ဘေး၊ဒဏ်လို့ငါမသတ်မှတ်ပါ


ခဏတာဆူးဒဏ်ခံပြီး


တဘဝတာခူးပန်ဆင်ပါရစေ


ဆူးနှင်းဆီလေးရေ။

လူ့ ဘောင်ဘ၀ကဒီလိုပဲလား


Sep 9, '12 11:53 AM
for everyone
ဩော် ဘဝဘဝ

ဟိုမှာခဏဒီမှာခဏနှင့်


ကုန်နေရတာပါပဲလား


ကုန်ပုံလှတာနှင့်ဆုံချင်လှပေမယ့်


ကုန်ပုံမလှတာနဲ့လည်း


ကြုံရ၊ဆုံရပြန်တယ်ကွယ်


ဖြစ်ချင်တာမဖြစ်ရ


မဖြစ်ချင်တာထဲနစ်ရပြန်တယ်


သုခသာစံနေချင်ပေမယ့်


ဒုက္ခလည်းခံနေရပြန်တယ်


အေးချမ်းမူသာလိုလားပေမယ့်


ပူလောင်မူကပိုများလာသလိုပါပဲ


အနိစ္စလောကကြီးမှာ


နိစ္စတရားကိုသာရှေ့တန်းတင်က


အေးမြမူကိုထွေးကြရမယ်ထင်တယ်


ဩော် သဘာဝကို


တရားချကာပြောပြချင်လည်း


သူမျှမကြားပဲကိုး။

အငြိုးရယ်ပြေပါတော့ကွယ်


Sep 9, '12 11:55 AM
for everyone
ဖြူရယ်
ချစ်တယ်လို့ ခဏခဏ
မဖွင့်ဟချင်တော့ပါဘူး
နင်ပြစ်ပယ်မယ်ဆိုတာ
   ငါသိနေလို့ ပါ
ဒါပေမယ့်ငါဟာမေ့လွယ်သူတစ်ယောက်
      မဟုပ်ရပါဘူး။
         ဖြူရယ်
  နင်မမြူစွယ်ခဲ့ပါဘူး
ကြင်ချင်စိတ်လွယ်ခဲ့တာ
      ငါပါပဲ။
       ပန်းအိဖြူရယ်
  လှမ်းမိသူ ငါ့ရဲ့ ခြေလှမ်းတွေဟာ
အချစ်ပန်းတိုင်ရှိရာကိုဦးတည်နေတာပါ
     ခရီးမတ်တ လမ်းခုလမှာပဲ
ကျွမ်းရ၊လွမ်းရ၊နွမ်းလျရမယ်ဆိုတာ
         ငါသိပါတယ်
    ဒါပေမယ့်အချစ်စိတ်က
သိပ်လို့ ၊ပိတ်လို့ မရပဲ ထိပ်ကိုရောက်နှင့်နေပြီလေ။
   ကံတရားကဘယ်လိုအငြိုးများနဲ့ 
     အချစ်ရေးနှင့်ပတ်သက်ပြီး
      အဖန်တော်တော်များများ
 ငါ့ကိုဟန့် တားထားပါသလဲကွယ်။

လူ့ စိတ်တလုံးအခက်ဆုံး


Sep 10, '12 10:51 AM
for everyone
ရေပေါ်ကလရိပ်
မှန်ထဲကပန်းရိပ်ကို
ယှူှုလို့ မရနိုင်သလို
ငါသည်မဖြစ်နိုင်တာကို
မပြစ်နိုင်ကာမှန်းမိသည်
လေဝှေ့ တိုင်း
နေရာရွေ့ နေရသည့် 
ငါ့ လိုမြေမူန်ရယ်က
ဓူဝံကြယ်ကိုမှန်းမိသည်
မက်လုံးတွေနှင့်
လူ့ စိတ်တစ်လုံး
အခက်ဆုံးပါတကား

အဆိုးထဲကအကောင်း


Sep 10, '12 10:56 AM
for everyone
ဒီရင်ဟဒယ
   ပီပြင်လှစွာ
  ကြေမွရအောင်
စီရင်ချက်ချခဲ့တဲ့နင့်ကို
   ရန်ငြိုးချက်နှင့်
  ပြန်မထိုးနက်လိုပါ
့  အဖြူရောင်စာရွက်ပမာ
    ငါ့ရဲ့ လုံးသားမှာ
   ချစ်တယ်လို့ ရေးပြီး
အမုန်းခဲဖျက်နှင့်ပြန်ဖျက်သွားလို့ 
မာန်ငြိုးချက်နှင့်ပြန်မထိုးနက်ချင်ပါ
     ဒါပေမယ့်ငါ့နှလုံးသားရဲ့ 
အဖြူရောင်စာမျက်နာလေးကိုတော့ပြန်နှမြောမီတယ်
      နှင့်လိုမိန်းကလေးမျိုးနဲ့ 
      ထပ်ဆင့်မတိုးမိအောင်
     ပညာတစ်ခုရလိုက်တာဟာ
         အဆိုးတွေထဲက
       အကောင်းတစ်ခုပါပဲ။

မျက်ရည်များရဲ့ ရင်ဖွင့်စကား


Sep 10, '12 11:00 AM
for everyone
မျက်ရေစက်ကလေးရယ်
နင်ဘာလို့ မြေ၀ယ်ကျရတာလဲ
   ဒီရင်တည့် တည့် ကို
    ရက်ရက်စက်စက်
အမုန်များချက်ထိခဲ့လို့ ပါတဲ့။
    သံယောဇဉ်တွေ
      ထူပြောစဉ်မှ
     အပြစ်ခံဘ၀မှာ
     အနစ်ခံရလို့ တဲ့။
   ငါ့ ရဲ့ အချစ်တွေကို
    ကြက်ခြေခတ်ကာ
    တပါးသူဘ၀ကို
  အမှတ်ခြစ်သွားလို့ တဲ့။

ချစ်သူကိုပျော်စေချင်သူ



Sep 10, '12 11:03 AM
for everyone
ချစ်သူရေ
      ကိုသာလေညင်းလေးဆို
     ချစ်သူနှလုံးရွှင်ပြုံးဖို့ အရေး
အမွေးဆုံးရနံ့ များသယ်ယူဆောင်ပေးပါ့မယ်
            ချစ်သူရေ
  နေရဲ့ အပူဒဏ်ခံနေရမယ်ဆို
တိမ်တိုက်များကိုသယ်ဆောင်လာကာ
ဒီလေညင်းလေးကကွယ်ကာပေးပါ့ မယ်။
           ချစ်သူရေ
    ကိုသာပန်းတစ်ပွင့်ဆို
နင့်ရဲ့ ကေသာမှာနေရာယူကာ
  ရနံ့ နင့်တကွလှပစေမယ်။
           ချစ်သူရေ
နင်သာအချွေခံလိုက်ရတဲ့ပန်းတစ်ပွင့်ဆို
ဒီရင်မှာအခြေခိုင်တဲ့အချစ်ကမတွေမငိုင်
ကောက်ကိုင်ပန်ဆင်ပါ့ မယ်အချစ်ရယ်

ယောက်ကျားမာန

မင်းမချစ်လို့ပြစ်သွားတာကို
ညစ်ပြီးအရူးတပိုင်းဖြစ်သွားမယ်လို့ 
      တွေးမထင်နဲံ့ 
  မင်းရက်စက်စွာခွဲခွာလို့ 
ဒီအသည်းကွဲနာသွားမယ်လို့ 
       တွေးမထင်နဲ့ 
မင်းခွဲတဲ့ဒီအသည်းနှလုံး
ကွဲသွားမယ်လို့ တွေးမထင်နဲ့ 
   မကွဲပဲအမြဲပြုံးနေဆဲပဲ
  ယောက်ကျားမာနကိုလာမယှဉ်နဲ့ 
မင်းတို့ ဘောင်အပြင်ရောက်သွားမယ်

မလှပတဲ့အဆုံးသတ်


Sep 10, '12 11:12 AM
for everyone
ထားသွားမှသိလိုက်ရတယ်
ဝေးသွားမှသိလိုက်ရတယ်
ပစ်သွားမှသိလိုက်ရတယ်
ငါအရမ်းခံစားနေရတာ
အရမ်းဆွေးခဲ့ရတာ
အရမ်းချစ်နေခဲ့တာကိုပေါ့
အချိန်တွေဆီတကျော့လောက်
ပြန်လှည့်လို့ရရင်
အတိတ်ဆိုတဲ့ရ၀န်းဆီ
ခဏလောက်သက်ဆင်းချင်မိတယ်
ခုတော့မဖြေသာနိုင်တဲ့
ဝေဒနာတွေရင်မှာအပြည့်နဲ့ပေါ

နင်မသိတဲ့ငါ


Sep 10, '12 11:16 AM
for everyone
ငါတည်တာမဟုပ်
ရယ်လို့မရတော့လို့ပါ
ငါပြုံးနေတာမဟုပ်
ငိုလို့မရတော့လို့ငါ
ငါမေ့နေတာမဟုပ်
သတိမရချင်တော့တာ
ငါမုန်းနေတာမဟုပ်
မချစ်ချင်တော့တာ
ငါလမ်းခွဲချင်တာမဟုပ်
ဆုံဆည်းခွင့်မရတော့တာပါ
ငါပြောချင်နေတာမဟုပ်
နင့်ကိုသိစေချင်တာပါ

နိဒါန်းမှာလန်းနိဂုံးမှာနွမ်း


Sep 10, '12 11:18 AM
for everyone
အချစ်နိဒါန်းမှာ

ငါ့နှလုံးဘဝင်၌

အပြုံးတွေဝင်ခဲ့

တသက်လုံးမှာ

အပျော်ရွှင်ဆုံးအချိန်

တသက်တာမခွဲခွာပဲ

အတူလက်တွဲရမည်ဟုထင်ခဲ့သည်

နိဂုံးအဆုံးသတ်မှာ

ဝေခွဲမရတဲ့

ကြေကွဲမူတွေနှင့်

လေမှာမျောလွင့်နေတဲ့

ရွက်ဝါလေးတွေလို

အရှုံးတွေပွေ့ပိုက်လို့

မှိန်ဖျော့ဖျော့လရောင်အောက်မှာ

ငါ့ရဲ့ဘဝဟာ

တဖြည်းဖြည်းလမ်းပျောက်ခဲ့ရမည်မထင်

ဘ၀နာရီ


Sep 10, '12 11:21 AM
for everyone
မင်းကတော့

မာနကြီးကာ


ဘယ်သူဟန့်ဟန့်


မင်းမတန့်ဘူး


နောက်လည်းမဆုတ်


တဖြုတ်ဖြုတ်နဲ့


လုပ်စရာရှိတာ


ဆက်လုပ်နေတာပဲ


ဘယ်သူ့ကိုမျှလည်း


ဂရုမူဘူး


တချက်ကလေးမျှလည်း


မငြူစူဘူး


ဘယ်လိုအားနဲ့မှလည်း


မင်းကိုမတားနိုင်ဘူး


အချိန်ပြဖို့အတွက်


တိုင်မှာကပ်ထားတဲ့


အဖြူရောင်နာရီလေးရယ်


မင်းပြနေတဲ့အချိန်က


ငါတို့ဘဝပါပဲ


အကြိုးမရှိပဲ


ကြိုးအငြိခံခဲ့တဲ့


အချိန်တွေဆီ


ပြန်သွားပြင်ချင်မိတယ်


ဆန္ဒသာတင်ပြလို့


ရတော့မှာလေ


ပြန်လှည့်လို့မရတာ


မင်းရဲ့တံထွာလေ။

အချစ်ဓူဝံကြယ်


Sep 10, '12 11:24 AM
for everyone
ဆုတောင်းဖြစ်တိုင်းသာ

ဆုတောင်းပြည့်မယ်ဆို


ငါ့အချစ်တွေသည်


မြောက်အရပ်မှ


ပျောက်မတတ်တဲ့


ဓူဝံကြယ်အဖြစ်


ကောင်ကင်မှာလင်းလက်ပါစေ။


နုပ်ခမ်းနှစ်ခုကြား


သိုဝှက်ထားတဲ့စကားတွေ


ဖုံးကွယ်ထားတဲ့


အလွမ်းအသွယ်သွယ်တွေ


ဖေါ်ပြချက်မရှိသေးတဲ့


မျော်လင့်ချက်လေးတွေက


အချစ်ဓူဝံကြယ်ရဲ့


အလင်းတန်းများအဖြစ်


တည်ရှိပါစေ။


သစ္စာကွပ်ထားတဲ့


ငါ့ရဲ့အချစ်တွေက


ကမ္ဘာတည်သရွေ့


တည်ရှိနေမယ့်


ဓူဝံကြယ်ပမာသူ့အတွက်


ထွန်းတောက်နေပါစေ။

မမိရက်စက်

ငါ့နှလုံးသားတခါးကိုခေါက်ပြီး

မင်းရောက်လာခဲ့တယ်


ငါ့နှလုံးသားတခါးကိုချိုးဖဲ့ပြီး


မင်းပြန်ထွက်သွားတယ်


အစွဲကြီးစွဲအောင်


ဆွဲဆောင်ခဲ့ပြီး


ဒီနလုံးသားကို


အကွဲကြီးကွဲအောင်


အခွဲကြီးခွဲရက်တယ်နော်

မောင်လေးရယ်ရှောင်မပြေးပါနဲ့ ကွယ်


Sep 10, '12 11:29 AM
for everyone
မောင်လေးရယ်

ချစ်တယ်လို့ဆိုလာမှာကို

စောင့်မျော်လာတာကြာပေါ့ကွယ်

ရေလာမျောင်းပေး

အခွင့်ရေးတွေလည်း

ဖွင့်ပေးခဲ့ပါတယ်မောင်လေးရယ်

ဘာ့ကြောင့်များမောင်လေးက

ရှောင်ပြေးရတာလဲဟင်

မမတို့မိန်းကလေးတွေက

ချစ်တဲ့စကားကို

ရင်မှာပဲထားသိုရတယ်လေ

ဖွင်ပြောချင်ပေမယ့်

အရှက်တရားကြောင့်

ဖွက်ထားခြင်းကိုဖက်ထားရတယ်လေ

မောင်လေးရယ်ရှောင်မပြေးပါနဲ့နော်

ချစ်တယ်လို့သာ

ဖွင့်ဟလိုက်ပါတော

ကျားရဲ မလေး


Sep 10, '12 11:32 AM
for everyone
သစ္စာမဲ့ပြီး

ပြစ်ခွာထွက်တဲ့


ရင်နစ်စွာချစ်ရတဲ့


ပန်းကလေးရယ်


ငါ့ရင်ကအပူမီးကို


အပြင်ကရှု့ပြီး


လက်ခုပ်တီးရက်တယ်နော်


နင့်ကိုဆုံးရှုံးရလို့


ဘဝသုဉ်းမတတ်


ခံစားနေရတာကိုကြည့်ပြီး


ပျော်ပြုံးစံစားနေရက်တယ်နော်


မေတ္တာနဲ့ငြိမ်းချမ်းရေးယူပြီး


အမုန်းလက်နက်ဆွဲကိုင်ရက်တယ်နော်


ငါနှင့်ကိုအရှုံးပေးပါတယ်


ဒါပေမယ့်


ငါနှလုံးမအေးပါဘူး


နင်ဝဋ်မလည်ပါစေနဲ့


ချစ်သူရယ်


ရင်နာပေမယ့်လည်း


ဒီပတ္တနာဟာနင့်အတွက်


ငါ့ဘက်ကလက်ဆောင်ပါ


နှစ်ဘက်သဘောတူ


ချစ်တိုင်ထူပြီး


ပြိုလှဲစေသူနဲ့


မကြုံပါရလေအောင်


ဆုတောင်းရုံပင်ရှိမည်ထင်သည်။

အစိုးမရနိုင်ပါ


Sep 10, '12 11:34 AM
for everyone
ဝင်းပပနေခြည်အောက်မှာ

ဆီးကြိုနေတဲ့အရိပ်ကိုမမြင်ရခင်


အေးမြမြရေကြည်တစ်ပေါက်လောက်


ပေးမျှလှည့်ပါလောကကြီးရယ်


နေရောင်အောက်မှာနေမှတော့


နေပူဒဏ်ကိုမကြောက်တော့ပါဘူး


ဒါပေမယ့်


စနစ်တွေဟောင်းခေတ်တွေပြောင်းတော့


ထီးလေးတစ်ခြောင်းလောက်တော့လိုချင်မိတယ်


အစိုးမရနိုင်တဲ့ကံတရားကို


လက်ညိုးမထိုးပြလိုပါ


ကံတရားကပဲငါ့ကိုအစိုးရနေတယ်


ကံတရားစေရာသွားရုံပဲပေါ့

ဆောင်ပါ ရှောင်ပါ


Sep 10, '12 11:36 AM
for everyone
ညီလေးရေ

ပလီပလာ


မူယာမာယာတွေနဲ့


အကွက်ဆင်ပြီး


မညာမတာပဲ


အသဲခွဲတတ်တဲ့


မိန်းမတချို့ဟာ


ကျားရဲတစ်ကောင်ထက်


ကြောက်ဖို့ကောင်းတယ်နော်


သူတို့ကိုဂရုမူကာရှောင်သွားပါ


ဂရုမူကမြူကိုမြင်တဲ့


ဂရုမမှုကဂူကိုပင်မမြင်တဲ


အသိနှင့်သတိညှိထားပါ


ညီလေးရေ


တချို့ကျတော့


သန့်ရှင်းအပြစ်ကင်းတဲ့


ချစ်ခြင်းတွေထားရှိကြတယ်


သစ္စာတရားကိုကိုးကွယ်ပြီး


မေတ္ဏာတရားကိုနားလည်တန်ဖိုးထားတယ်


ရိုးရှင်းပွင့်လင်းတယ်


အဲလိုမိန်းကလေးတွေကိုတွေ့ရင်


မရှောင်ပါနဲ့


ဘဝအဖေါ်အဖြစ်ရွေးချယ်သည့်စိတ်ကို


ဆောင်ထားပါ


မိန်းမကောင်းပန်းပန်တစ်ပွင့်တန်တဲ့လေ


အဲလိုမိန်းကလေးက


ရှာကြည့်မှရှားမှန်းသိမယ်