for everyone |
တသမတ်တည်း
အခြေချမြဲ၍
နေမရတာ
သဘာဝပါ
ဒုက္ခလည်းကြုံ
သုခလည်းဆုံ
သောကတခါ
သောမနတလှည့်
လိုချင်တာမရ
ရတာမလိုချင်
ထိုထိုလိုအင်
ပြည့်ဝမစုံလင်နိုင်
လေအပွေ့ ဖြင့်
တိမ်တိုက်ရွေ့ သို့ 
ချိန်ကိုက်ရွေ့ ရသည်မှာ
လူ့ ဘ၀သဘာဝပင်
ကျရာနေရာမှာ
စိတ်ကျေနပ်စွာ
နေတတ်ပါက
ပီတိအသွယ်သွယ်
ရင်၌ငြိတွယ်ရာသည်။
No comments:
Post a Comment