for everyone |
တစ်သက်တစ်ခါ
ဖူးပွင့်လာတဲ့
အချစ်ပန်းမာလာမို့ 
နင့်ရဲ့ နှလုံးကေသာမှာ
တစ်သက်တာအရေး
နေရာပေးစေလိုသည်
ငါ၏လိုအင်ဆန္ဒကို
ကန့် ကွက်ဖီလာ
ဆန့် ကျင်သွေကာ
ရင်မှပျိုးသည့်
အချစ်သစ်မျိုးကို
သစ်စိမ်ချိုးသို့ 
မချိုးလိုက်ပါနဲ့ လား
ဘူးခံငြင်းဆန်နေတဲ့
မိအသည်းညာလေးရယ်။
No comments:
Post a Comment