hover animation preload

Sunday, 2 December 2012

ခန္ဒာပျက်ပြုန်းလည်းနာမည်မသုဉ်း



Sep 9, '12 9:41 AM
for everyone
ဖူးငုံပွင့်အာ
ပန်းမာလာတို့ 
မွေးရနံ့ ထုံကြိုင်
ထွေးလို့ ပိုင်လည်း
တနေ့ မသွေ
မြေခကြွေသည်။
ရနံ့ ကြွယ်ဝ
ပန်းအလှတို့ ကို
တုယှဉ်မရ
ပန်းအညတရလည်း
တနေ့ မသွေ
မြေခကြွေသည်။
အနိစ္စတရားကို
ရှောင်သွားဖို့ ရာ
မဖြစ်နိုင်တာဟာ
သဘာဝဖြစ်သည်။
  မကြွေခင်
ဝေနေစဉ်မှာ
  အတ္တပရ
နစ်ခွစလုံးအတွက်
အကျိုးဆောင်ရွက်
  ပြုကျင့်ခဲ့က
ခန္ဒာပျက်ပြုန်းလည်း
  နာမည်မသုဉ်း
ကုသိုလ်အကုသိုလ်
ထိုထိုသည်လည်း
  မိမိနှင့်မခွာ
 ရှိနေမည်မှာ
ဧကန်ဖြစ်သည်။

No comments:

Post a Comment