for everyone |
လှေငယ်ဘဝ
လိုင်းဒဏ်လည်းခံ
မုန်တိုင်းရန်သင့်
အဆင့်ဆင့်သင့်ကာ
သတ္တိပြည့်ဝင်
ပဲ့ကိုင်ရှင်သည်
ပန်းတိုင်လိုရာ
ရောက်ဆိုင်တတ်သဘိ
ခဏတာလူ့ ဘ၀လည်း
ဦးနောက်ကိုပဲ့ကိုင်ရှင်ပြု
နှလုံးသားမှာသတ္တိစုလို့ 
ဒုက္ခအစုံစုံ
သောကအဖုံဖုံ
ကြုံလည်းကျော်ကာ
မိမိလိုအင်ဆီ
ဆိုက်ရောက်တတ်သည်။