hover animation preload

Sunday, 2 December 2012

ဘ၀လှေငယ်



Sep 9, '12 9:28 AM
for everyone
                                                                  ကမ်းမှခွာဝေး
   လှေငယ်ဘဝ
 လိုင်းဒဏ်လည်းခံ
 မုန်တိုင်းရန်သင့်
 အဆင့်ဆင့်သင့်ကာ
   သတ္တိပြည့်ဝင်
  ပဲ့ကိုင်ရှင်သည်
  ပန်းတိုင်လိုရာ
ရောက်ဆိုင်တတ်သဘိ
 ခဏတာလူ့ ဘ၀လည်း
 ဦးနောက်ကိုပဲ့ကိုင်ရှင်ပြု
 နှလုံးသားမှာသတ္တိစုလို့ 
     ဒုက္ခအစုံစုံ
   သောကအဖုံဖုံ
 ကြုံလည်းကျော်ကာ
     မိမိလိုအင်ဆီ
 ဆိုက်ရောက်တတ်သည်။

ရင်တွင်းဝေတဲ့အချစ်ပန်းအမုန်းလေပြင်းမွေလို့ မလွင့်ကြွေစေလို


Sep 9, '12 9:35 AM
for everyone
မိမမရေ အချစ်ပန်းတစ်ပွင့်
ရင်မှာဝင့်ကာ
ပွင့်အာလေပြီ
ဒီအချစ်ပန်းမှာ
အမုန်းမာယာ
ပုန်းကာမနေပါ
သစ္စာဥယာဉ်မှာ
မေတ္တာရေများဖြင့်
ပွင့်အာလေသည်
 အပြုံးများနင့်
  မမနှလုံးမှာ
ပန်ဆင်ပေးပါ။
    မမရဲ့ 
အမုန်းလေမွေလို့ 
မလွင့်ကြွေစေလို။

တိတ်တိတ်လေးစူးဝင်နေတဲ့မျှား


Sep 9, '12 9:38 AM
for everyone
အချစ်မျှားတစင်း
အာရုံများကိုခွင်းပြီး
ဒီရင်ဘ၀င်ထဲကို
တိတ်တိတ်လေး
စူးနစ်ဝင်နေလေပြီ။
ချစ်မျှားဒဏ်ရာကြောင့်
   ညများစွာမှာ
   စက္ခုနစ်ကွင်း
  စင်းစင်းပိတ်မရ
  စိတ္တဇသဖွယ်
ဒီအချစ်ချုပ်ကိုင်လေတယ်
   ချစ်ရသူရယ်။

ခန္ဒာပျက်ပြုန်းလည်းနာမည်မသုဉ်း



Sep 9, '12 9:41 AM
for everyone
ဖူးငုံပွင့်အာ
ပန်းမာလာတို့ 
မွေးရနံ့ ထုံကြိုင်
ထွေးလို့ ပိုင်လည်း
တနေ့ မသွေ
မြေခကြွေသည်။
ရနံ့ ကြွယ်ဝ
ပန်းအလှတို့ ကို
တုယှဉ်မရ
ပန်းအညတရလည်း
တနေ့ မသွေ
မြေခကြွေသည်။
အနိစ္စတရားကို
ရှောင်သွားဖို့ ရာ
မဖြစ်နိုင်တာဟာ
သဘာဝဖြစ်သည်။
  မကြွေခင်
ဝေနေစဉ်မှာ
  အတ္တပရ
နစ်ခွစလုံးအတွက်
အကျိုးဆောင်ရွက်
  ပြုကျင့်ခဲ့က
ခန္ဒာပျက်ပြုန်းလည်း
  နာမည်မသုဉ်း
ကုသိုလ်အကုသိုလ်
ထိုထိုသည်လည်း
  မိမိနှင့်မခွာ
 ရှိနေမည်မှာ
ဧကန်ဖြစ်သည်။

လူ့ စိတ်မာယာ



Sep 9, '12 9:42 AM
for everyone
တခါတရံကျတော့
ဗျာလျှံနေတဲံ့
လူတွေကြားမှ
နုတ်ထွက်သွားကာ
ရှု့ မငြီးကြည့်မဝ
ရှု့ ခင်းအလှတွေနဲ့ 
မိတ်ဖွဲ့ နေချင်မိတယ်ကွယ်။
တခါတရံကျပြန်တော့
ပူစရာတွေကိုမေ့
ဗျာတွေကိုရွေ့ လို့ 
  ရင်ခွင်ထဲမှာ
ချစ်သူကိုအမြဲပဲ
ထွေးပိုက်ထားချင်မိတယ်ကွယ်။

မျက်ကန်းအချစ်



Sep 9, '12 9:46 AM
for everyone
မေ့ပဲမေ့မေ့
မုန်းပဲမုန်းမုန်း
 ငါကတော့
 ပြုံးပြုံးကြီး
 ချစ်ဦးမှာပဲ။
ကြယ်တွေဝန်းကာ
လမင်းစန္ဒာကို
  အညတရ
 မြေဇာမြက်က
လိုချင်တောင်းတ
ဒီလိုပြောကြလည်း
  ဇီဝိန်ချုပ်ငြိမ်း
ဘ၀ဇာတ်သိမ်းလည်း
  ငါ၏ချစ်ချက်
ဘ၀င်ပြင်မထွက်နိုင်။

အချစ်ကျေးကျွန်



Sep 9, '12 9:48 AM
for everyone
ချစ်စိတ်စေရာ

မနေသာ၍

ချစ်သူရှိရာ

လှမ်းလာတတ်ဧ။်

ချစ်တဲ့သူအား

ပြစ်ကာမသွားပဲ

ချစ်သူအနား

တစ်ဖုဝါးမခွာ

တသက်တာဘဝ

နေချင်တတ်ဧ။်

ရည်းစားလူလု

အူနုကျွဲခတ်

ဖြစ်တတ်ပြန်ဧ။်

အချစ်စေရာ

လူတို့မသွေရာ။